အလွမ်းများငြိမ်းစေသတည်း
တစ်ညလုံး အလွမ်းတွေလိုက်ကောက်ရင်း မိုးလင်းသွားတယ်။
မျက်ရည်ကျတာ ၀မ်းနည်းလို့မဟုတ်ပါဘူး။
သူ့အလိုလိုကျနေတာ
ငါဘာမှမလုပ်ပါဘူး။
အချီကြီးလွမ်းနေတာ
ဘာလို့လဲ
ငါက
အမေကျော်ပြီး ဒွေးတော်လွမ်းတတ်သူပေါ့။
ကောက်ရင်းကောက်ရင်း
အလွမ်းတွေက ပိုပိုများလာတယ်။
ကယ်သူမရှိ အလွမ်းတောထဲ
မျော
မျောရင်း.......................။
အိမ်ပြန်လမ်း
စာသင်ခန်းမှာ သူငယ်ချင်းသုံးယောက် ဆုံကြတယ်။
နောက်ကျောင်းလခ ခုကျောင်းလခတွေနဲ့
စိတ်ဓာတ်ကျနေတဲ့ သုံးယောက်သား
သဲသဲ...အိမ်ပြန်ချင်လိုက်တာဟာ။
နီပေါ....လမ်းစရိတ်မှမရှိတာ။
သီရိင်္လကာ...တို့လှေလေးနဲ့ပြန်ရအောင်။
သဲသဲ...အေး။တို့သုံးယောက်လှေလေးနဲ့ပြန်ရအောင်။
:)
နီပေါ.......ငါတို့နိုင်ငံက ပင်လယ်နဲ့ဆက်နေတဲ့နေရာမှမရှိတာ။
(T_T)
ကုန်းပိတ်နိုင်ငံက သူငယ်ချင်းလေးကို သနားသဖြင့် ပင်လယ်ဖြတ်ကူးရန်
စိတ်ကူးကို သီရိင်္လကာနှင့်မြန်မာနှစ်ကောင်သား လက်လျှော့လိုက်ပါသည်။
ဂျပန်စားစရာ အိုဆာကာရဲ့တခိုရခိ
အခုတလော မုန့်တွေပဲစားဖြစ်နေပါတယ်။မက်ခ်ဒိုနယ်လ်က နေ့တိုင်းဖြစ်နေတော့ဝိတ်က တဟုန်ထိုးတက်နေတယ်။ ဒါနဲ့ ဈေးသက်သာပြီး စားကောင်းတဲ့ မြန်မာပါးစပ်နဲ့ ကွက်တိဖြစ်တဲ့ တခိုရခိပဲပြောင်းစားလိုက်တယ်။
မု့န်လင်မယားပါပဲ။သူက ပိုလွယ်တယ်။တခြမ်းစီ မဟုတ်ပဲ လုံးလုံးလေးတွေပါ။လုပ်နည်းလည်း အတူတူပါပဲ။အဓိကကဆော့ဆမ်းတာလေးက စားကောင်းစေတာပဲလားလို့။မု့န်ထဲကို ရေဘ၀ဲလေးတွေ သေးသေးလှီး ထည့်ထားတယ်။
တခို ဆိုတာရေဘ၀ဲပေါ့ ရခိ ဆိုတာကင်တာပေါ့။အိုဆာကာ ရဲ့လူကြိုက်များတဲ့စားစရာတမျိုးပါ။
ရောက်ကာစ မြန်မာတွေ နိုင်ငံခြားသားတွေကို ဒုက္ခပေးချင်လျှင် တခိုရခိဝယ်ကျွေးလိုက်ပါ။
အမြင်ပန်းအငွေ့မထတော့ မပူဘူးထင်ကြတာပေါ့။(ကိုယ်တွေ့)ပါးစပ်တခုလုံး ပူထူသွားပြီး အရေပြားတောင် လန်ပါတယ်။ဂျပန်တွေက အဲ့လိုပူတာက အရသာတဲ့။စားခါစက ပါးစပ်ထဲရောက်မှ ပြန်ထွေးတဲ့သူတွေက ခုဆိုတခိုရခိမှတခိုရခိဖြစ်နေကြပါပြီ။
ကလေးတွေနောက်တအုပ်လာတိုင်း တခိုရခိသွားစားကြပါတယ်။ကျမတို့က စားကျင့်ရှိနေတော့ အိုကေနေပြီ။ရောက်စကလေးတွေကတော့ စားပြီးရင်စိတ်ဆိုးပြီးအော်ကြရော။
မြန်မာပြည်ကမုန့်လင်မယား လွမ်းတိုင်းစားမိတဲ့တခိုရခိ
သားသားတို့မီးမီးတို့ လွယ်လွယ်ကူကူလုပ်ရအောင် အဆင်ပြေတဲ့မုန့်လုပ်တဲ့အိုးပါ။
ကျောင်းပွဲတွေဆို သူလေးတွေလည်းလက်စွမ်းပြကြတယ်။
တခိုရခိရဲ့လိုကိုလေးပေါ့။
မြန်မာပြည်ကလို လမ်းဘေးဆိုင်ရှိတာ တခိုရခိပါပဲ။
ကျမလည်းသင်နေပါတယ်။အကြံကုန်ရင်
တခိုရခိပဲရောင်းရအောင်။
ကျနော်နှင့်အိမ်များ
ကျနော်တို့မိသားစုက အိမ်ခဏခဏပြောင်းခဲ့ရတယ်။
အမေ့အိမ်လို့ကျနော်တို့မောင်နှမတွေခေါ်တဲ့နယ်ကအိမ်လေးကိုထားခဲ့ပြီး။
အမေ့အိမ်လေးမှာလည်းလွမ်းစရာတပုံတပင်ပါ။ကျနော်အကိုနှစ်ယောက်က ရုပ်ရှင်ပြတမ်းကစားလေ့ရှိတယ်။ပိတ်ကားထောင်ပြီး အလင်းရောင်ထိုး အရုပ်ကလေးတွေလှူပ်ပြီးတော့။ဂျပန်မှာအရိပ်ပွဲလေးကြည့်တော့ ကိုကြီးနဲ့ကိုလေးကိုသတိရလို့မျက်ရည်ကျမိတယ်။ကျနော်အတွက်အမှတ်ရစရာက ဂျင်ခုတ်ရင်းလက်ဓါးထိတာပါ။နောက်တခုကမီးပုံကိုမီးသေပြီထင်ပြီးတက်နင်းတာရယ်။
ငယ်ငယ်ကတည်းကမီးနင်းပွဲလုပ်ဘူးပါတယ်။
နောက် ညောင်လေးပင်ကိုပြောင်းကြတယ်။သူငယ်တန်းစတတ်တော့ အမေကကျောင်းကိုအတင်းဆွဲခေါ်၇တယ်။ငယ်ငယ်ကတည်းက သူများဘာကျွေးကျွေးစားပါတယ်။:P ပိန်းရိုးတွေစားလို့ရတယ်ဆိုပြီး ကျွေးတာစားမိလို့ လျှာတနေကုန်ဆားပွတ်ပြီးနေရဘူးပါတယ်။
နောက်ရန်ကုန်ကိုပြောင်းခဲ့တယ်။အမေကမောင်နှမတွေရန်ဖြစ်ရင် ထမင်းစားချိန်ကျောချင်းမှီပြီးစားခိုင်းပါတယ်။သူကျောကိုယ်တွန်း ကိုယ်ကျောသူတွန်းရင်းနဲ့ ပြန်ခေါ်သွားတတ်ပါတယ်။
အမေဆုံးတော့ ရန်ကုန်ကအဲ့ဒီ့အိမ်ကလေးကနေထပ်ပြောင်းကြပြန်တယ်။
နောက်အိမ်လေးက အိမ်ရဲ့တမံသလင်းအောက်မှာ ဓာတ်ဆီထည့်တဲ့တွင်းကြီးနဲ့ပါ။
ကားအကြီးကြီးတွေနဲ့ ထည့်လိုက်ထုတ်လိုက်ပေါ့။မီးပျက်ရင်လဲ ဓာတ်ဆီတွင်းပေါ်မှာပဲ ဖယောင်းတိုင်နဲ့နေခဲ့ကြတာပါ။
ခုတွေးရင် တော်တော်ကြောက်စရာကောင်းပါလားဆိုပြီး။
ရပ်ကွက်ထဲမှာနာမည်နဲ့နေတာပါ။
ကျနော်ငိုရင် တော်တော်ဝေးတဲ့နေရာကတောင်ကြားရပါတယ်။ကလေးအရမ်းငိုတဲ့အိမ်ဆိုပြီး။
အလွမ်းဆုံးကတော့ နှစ်စီးတွဲ busကားကြီးတွေ။အိမ်ကတင်ပေးရုံပါပဲ။
ကျန်တာ စပယ်ရာ့တာဝန်ပါ။
စပယ်ရာတွေဘယ်လိုဆိုးတယ်ပြောပြော အဖြူအစိမ်းဝတ်ကလေးတွေကိုတော့ ချစ်ကြပါတယ်။
နောက်တော့ဝင်းကျယ်တဲ့အိမ်လေးပြောင်းခဲ့ပြန်တယ်။
ကျနော်ရဲ့အပျော်ဆုံးကလေးဘဝကအဲ့ဒီ့အိမ်ပါ။
အချစ်ဆုံးသူငယ်ချင်းနဲ့အိမ်တလှည့်ဆီပြန်လိုက်ပို့ဘူးပါတယ်။
မောတော့မှအိမ်နှစ်အိမ်ကြားဆိုပြီး သေသေချာချာ ခြေလှမ်းရေတိုင်းထားတဲ့နေရာမှာ
လမ်းခွဲပါတယ်။ဒါတောင် တစ် နှစ် သုံး ရွတ်ပြီးကျောခိုင်းတာပါ။
ကျနော်တာဝန်က မီးသွေးဝယ်၊အကြော်ဝယ်၊နွားနို့ဝယ်ပါ။
ကန်ဘဲ့ဈေးထဲဈေးဝယ်လွှတ်ရင် အရမ်းဝေးတော့ မေ့မေ့သွားပြီး အိမ်ပြန်မေးရပါတယ်။
မု့န်လက်ကောက်ဆိုင်ကဦးလေးဆို ကျနော့်ကိုတော့ ဆလန်သတတ်ပါတယ်။
မု့န်တခုစားရင် ထညက်ရေနှစ်ခါပေးရလို့။(နည်းသိချင်လျှင်မေးနိုင်ပါတယ်။)
အဲဒီ့အိမ်ကပြောင်းတော့ အရမ်းဝမ်းနည်းခဲ့တယ်။
ကျောင်းပြောင်းတာကအဆိုးဆုံးပါပဲ။
လူကြီးတွေတော့မသိဘူး။ကျနော်က နောက်အိမ်ကို ဘဝသစ်လို့ခေါ်ပါတယ်။
ခုထိအဖေနဲ့အမ နေထိုင်ဆဲအိမ်ပါ။
ကျနော်ကတော့
အခုထိအိမ်မဟုတ်တဲ့ အခန်းတွေ ပြောင်းနေရတုန်းပါ။
မနက်ဖြန်အိမ်လေးမှာနေခဲ့တာ စာချုပ်ပြည့်တော့မယ်။
လက်ထဲမှာဘယ်မလဲငွေ ထပ်ငှားဖို့ စဉ်းစားတာနဲ့။
သီချင်းမဟုတ်ပါ။တကယ်အဖြစ်ပါ။
မနက်ဖြန်ဒီအခန်းမှာနေခဲ့တာ တနှစ်ပြည့်တော့မယ်။
ကန်ဘဲ့ဈေးထဲဈေးဝယ်လွှတ်ရင် အရမ်းဝေးတော့ မေ့မေ့သွားပြီး အိမ်ပြန်မေးရပါတယ်။
မု့န်လက်ကောက်ဆိုင်ကဦးလေးဆို ကျနော့်ကိုတော့ ဆလန်သတတ်ပါတယ်။
မု့န်တခုစားရင် ထညက်ရေနှစ်ခါပေးရလို့။(နည်းသိချင်လျှင်မေးနိုင်ပါတယ်။)
အဲဒီ့အိမ်ကပြောင်းတော့ အရမ်းဝမ်းနည်းခဲ့တယ်။
ကျောင်းပြောင်းတာကအဆိုးဆုံးပါပဲ။
လူကြီးတွေတော့မသိဘူး။ကျနော်က နောက်အိမ်ကို ဘဝသစ်လို့ခေါ်ပါတယ်။
ခုထိအဖေနဲ့အမ နေထိုင်ဆဲအိမ်ပါ။
ကျနော်ကတော့
အခုထိအိမ်မဟုတ်တဲ့ အခန်းတွေ ပြောင်းနေရတုန်းပါ။
မနက်ဖြန်အိမ်လေးမှာနေခဲ့တာ စာချုပ်ပြည့်တော့မယ်။
လက်ထဲမှာဘယ်မလဲငွေ ထပ်ငှားဖို့ စဉ်းစားတာနဲ့။
သီချင်းမဟုတ်ပါ။တကယ်အဖြစ်ပါ။
မနက်ဖြန်ဒီအခန်းမှာနေခဲ့တာ တနှစ်ပြည့်တော့မယ်။
Subscribe to:
Posts (Atom)