ဒီနေ့လဲ ထုံးစံအတိုင်း တိမ်တွေကြည့်နေဆဲ ၀ရန်တာနားက သရက်ပင်ကို ငှက်ကလေး တစ်ကောင် လာနားတယ်။ ကျနော့် မျက်လုံးတွေ ခွာမရနိုင်အောင် အရမ်းလှတဲ့ ရွှေရောင် ငှက်ကလေး။ ရွှေရောင် ငှက်ကလေးက တေးစ သီတယ်။ ငှက်ကလေးရဲ့ အဆင်းနဲ့တေးသံက ကျနော် နှလုံးသားတခုလုံးကို စွဲဆောင်ထားပါတယ်။
ငှက်ကလေး စားဖို့ဆန်စေ့တွေ ကြဲပေးမိတယ်။ ငှက်ကလေးက ကျနော့်အရိပ် အကဲကြည့်ပြီး စားပါတယ်။ ကျနော်တို့အချင်းချင်းနားလည်မှု့ ရနေသလိုပါပဲ။ ကျနော့်ရဲ့ ရွှေရောင်ငှက်ကလေးရေ ညနေခင်းတိုင်း ငါမင်းကိုစောင့်နေမယ်နော်။ ဒီညနေကို ကျနော်ရင်ခုန် နေတယ်။ ရွှေရောင်ငှက် ကလေးလာတော့မယ်။ ကျနော်အရမ်း မျှော်နေမိချိန်မှာ ငှက်ကလေး တကောင် သရက်ပင်ကိုင်းဖျားမှာ လာနားတယ်။ သူဟာကျနော် မျှော်နေတဲ့ ရွှေရောင် ငှက်ကလေးတော့ မဟုတ်ပါဘူး။ ရွှေရောင်ငှက်ကလေးနဲ့ တူတဲ့ငွေရောင် ငှက်ကလေးပါ။ ကျနော်ရင်တခုလုံး ဟာ ကျသွားတယ်။ငွေရောင်ငှက်ကလေး ကတေးစဆိုပါတယ်။ သူ့ တေးသံလဲချိုပါတယ်။ ရွှေရောင် ငှက်ကလေးရဲ့ တေးလောက်မချိုပေမယ့် ကျနော့်ရဲ့ ရွှေရောင် ငှက်ကလေးလောက်။ ငှက်ကလေးဖို့ ဆန်စေ့တွေကြဲချလိုက်ပါတယ်။
နောက်နေ့တွေ နောက်နေ့တွေ ကျနော့်ရဲ့ရွှေရောင် ငှက်ကလေးကို ကျနော်မျှော်နေဆဲ... ငွေရောင် ငှက်ကလေးလဲ နေ့စဉ်တေးသီဆဲ.. နေ့စဉ်သရက်ပင် ဖျားလာနားဆဲ...ဆန်စေ့ တွေစားဆဲ.....
ကျနော်လည်း ရွှေရောင် ငှက်ကလေးကိုမျှော်ဆဲ.... ကျနော်နဲ့ ငွေရောင် ငှက်ကလေးဟာ နားလည်မှု့ မရကြပါဘူး။ ကျနော်မျှော်နေတာ သူမဟုတ်ဘူးဆိုတာ သူသိလာသလိုပါပဲ။ သူ့ တေးချိုကို ကျနော့် ရွှေရောင်ငှက်ကလေး တေးလောက် ကျနော်မကြိုက်ဘူးဆိုတာ သူသိနေသလိုပါပဲ။
ကျနော် အေးစက်မှု့ ကိုသူမခံနိုင်တော့ပါဘူး။ အဲဒီနေ့.. အဲဒီ့နေ့ပေါ့...... ငွေရောင်ငှက် ကလေးလာတယ်။
ကျနော်လဲ ရွှေရောင်ငှက်ကလေးကို မျှော်တယ်.. သူတေးသီတယ်... တိမ်တွေကလဲ ကျနော် ကြည့်နေကျ ထက်ပိုလှနေတယ်.. တိမ်တွေရဲ့တောက်ပမှု့...အလင်းေ၇ာင်အောက်ကနေ..သူအားယူပြီး... ပျံတက်တယ်......တိမ်ရဲ့အလင်းရောင်နဲ့.... ရွှေရောင် တောက်လာတဲ့ ငှက်ကလေး....ကျနော်ရဲ့ငှက်ကလေး....သူဟာကျနော် တမ်းတနေတဲ့ ရွှေရောင်ငှက်ကလေး..........အဲ့နေ့ကစပြီး ငှက်ကလေးဟာ မလာတော့ဘူး။