ပျင်းတာနဲ့ချက်နေတုန်း ဟိရို ဆိုတဲ့လူတယောက်က မိတ်ဖွဲ့ပါတယ်..ခင်စရာကောင်းတဲ့လူတယောက်ပါပဲ..
နောက်တနေ့ချက်နေတုန်း တက ဆိုတဲ့ကောင်လေးတယောက်က မိတ်ဖွဲ့ပါတယ်..
ဒီနေ့ကျောင်းမှာ ကောင်လေးတယောက်နောက်ကနေပြေးလိုက်လာပါတယ်..လက်ထဲကို သူ့မေးလ်နဲ့ဖုန်းနံပါတ်ရေးထားတာလေးပေးပြီး ရောရိုရှိခုတဲ့..ဂျပန်မှာ ခင်ချင်ရင် အဲ့လိုလုပ်တဲ့ အလေ့အထရှိတာ
သိပေမယ့်....
အတန်းထဲသွား ထိုင်ပြီး သူ့စာရွက်လေးကို ဖြည်ကြည့်လိုက်ပါတယ်...နာမည်က တကဟိရိုတဲ့..
အရမ်းကိုအံသြပြီး..ရင်တွေတောင်ခုန်တယ်..ဘုရားရေ ..........
ထူးထူးခြားခြားပါလား ဆိုပြီး..........
ခုထိတော့ မေးလ်မပြန်ရသေးပါဘူး..ကလေးတွေတော်တော် အလုပ်ရှုပ်ပါတယ်..