ရုတ်တရက် ကောက်ခါငင်ခါ နှလုံးသားက ထထအော်တယ်.အရမ်းလွမ်းတယ်တဲ့.ငါတားတဲ့ကြားက အချီကြီးလွမ်းလွမ်းနေတတ်တဲ့
ငါ့နှလုံးသားကို မုန်းမုန်းလာတယ်.နင်မကြားနိုင်မသိနိုင်ပဲ လွမ်းနေရတာ ငါမတန်ဘူးဟာ.
နင်ပြောတဲ့ စကားတွေဆို အလိုလိုပြန်ကြားယောင်နေတတ်တာ ငါစွဲကပ်နေတဲ့ရောဂါပေါ့.
ဆရာ မလုပ်ရရင်မနေတတ်တဲ့နင်နဲ့ နင့်အမိန့်တွေဆိုနားထောင်ချင်တဲ့ငါကဘာတွေကြောင့်ဝေးသွားတာလဲ
ချော့တတ်တဲ့နင်မရှိထဲက မငိုတတ်တော့တဲ့ငါ ဒီနေ့နင့်ကိုလွမ်းလို့ငိုမိတယ်.
မြန်မာပြည်က နင်ရှိတဲ့မြို့လေးကိုကြည့်ပြီး နင့်ကိုလွမ်းတယ်.နင့်နဖူးပေါ်က အေ၇းကြောင်းလေးတွေရောပဲ လွမ်းတယ်.
တွမ်နဲ့ဂျယ်ရီကာတွန်းကားကြိုက်တဲ့ငါ့ကို တွမ်ကြီးသနားပါတယ်ပြောတိုင်းသဲကလူကြီးတွေးနဲ့ပြောတာ.
ကလေးတွေက ဂျယ်ရီကိုပဲပိုကြိုက်ကြတာလို့ နင်အမြဲပြောတတ်တယ်.
ငါတို့ခင်တဲ့ နှစ်ပတ်လည်ပွဲလေးကို ငါတယောက်ထဲလုပ်နေတယ်.ကမ္ဘာကြီးကကျဉ်းပါတယ်တဲ့.ငါတို့ပြန်ဆုံကြမယ်နော်.
အခွင့်အရေးတခုသာရမယ်ဆိုရင် ငါနင့်ပုခုံးမှာမှီပြီး ငါနင့်ကိုအချီကြီးလွမ်းတယ်လို့ ပြောချင်တယ်.
မလွမ်းရဲသေးဘူး
Subscribe to:
Posts (Atom)