ကျနော်တို့မိသားစုက အိမ်ခဏခဏပြောင်းခဲ့ရတယ်။
အမေ့အိမ်လို့ကျနော်တို့မောင်နှမတွေခေါ်တဲ့နယ်ကအိမ်လေးကိုထားခဲ့ပြီး။
အမေ့အိမ်လေးမှာလည်းလွမ်းစရာတပုံတပင်ပါ။ကျနော်အကိုနှစ်ယောက်က ရုပ်ရှင်ပြတမ်းကစားလေ့ရှိတယ်။ပိတ်ကားထောင်ပြီး အလင်းရောင်ထိုး အရုပ်ကလေးတွေလှူပ်ပြီးတော့။ဂျပန်မှာအရိပ်ပွဲလေးကြည့်တော့ ကိုကြီးနဲ့ကိုလေးကိုသတိရလို့မျက်ရည်ကျမိတယ်။ကျနော်အတွက်အမှတ်ရစရာက ဂျင်ခုတ်ရင်းလက်ဓါးထိတာပါ။နောက်တခုကမီးပုံကိုမီးသေပြီထင်ပြီးတက်နင်းတာရယ်။
ငယ်ငယ်ကတည်းကမီးနင်းပွဲလုပ်ဘူးပါတယ်။
နောက် ညောင်လေးပင်ကိုပြောင်းကြတယ်။သူငယ်တန်းစတတ်တော့ အမေကကျောင်းကိုအတင်းဆွဲခေါ်၇တယ်။ငယ်ငယ်ကတည်းက သူများဘာကျွေးကျွေးစားပါတယ်။:P ပိန်းရိုးတွေစားလို့ရတယ်ဆိုပြီး ကျွေးတာစားမိလို့ လျှာတနေကုန်ဆားပွတ်ပြီးနေရဘူးပါတယ်။
နောက်ရန်ကုန်ကိုပြောင်းခဲ့တယ်။အမေကမောင်နှမတွေရန်ဖြစ်ရင် ထမင်းစားချိန်ကျောချင်းမှီပြီးစားခိုင်းပါတယ်။သူကျောကိုယ်တွန်း ကိုယ်ကျောသူတွန်းရင်းနဲ့ ပြန်ခေါ်သွားတတ်ပါတယ်။
အမေဆုံးတော့ ရန်ကုန်ကအဲ့ဒီ့အိမ်ကလေးကနေထပ်ပြောင်းကြပြန်တယ်။
နောက်အိမ်လေးက အိမ်ရဲ့တမံသလင်းအောက်မှာ ဓာတ်ဆီထည့်တဲ့တွင်းကြီးနဲ့ပါ။
ကားအကြီးကြီးတွေနဲ့ ထည့်လိုက်ထုတ်လိုက်ပေါ့။မီးပျက်ရင်လဲ ဓာတ်ဆီတွင်းပေါ်မှာပဲ ဖယောင်းတိုင်နဲ့နေခဲ့ကြတာပါ။
ခုတွေးရင် တော်တော်ကြောက်စရာကောင်းပါလားဆိုပြီး။
ရပ်ကွက်ထဲမှာနာမည်နဲ့နေတာပါ။
ကျနော်ငိုရင် တော်တော်ဝေးတဲ့နေရာကတောင်ကြားရပါတယ်။ကလေးအရမ်းငိုတဲ့အိမ်ဆိုပြီး။
အလွမ်းဆုံးကတော့ နှစ်စီးတွဲ busကားကြီးတွေ။အိမ်ကတင်ပေးရုံပါပဲ။
ကျန်တာ စပယ်ရာ့တာဝန်ပါ။
စပယ်ရာတွေဘယ်လိုဆိုးတယ်ပြောပြော အဖြူအစိမ်းဝတ်ကလေးတွေကိုတော့ ချစ်ကြပါတယ်။
နောက်တော့ဝင်းကျယ်တဲ့အိမ်လေးပြောင်းခဲ့ပြန်တယ်။
ကျနော်ရဲ့အပျော်ဆုံးကလေးဘဝကအဲ့ဒီ့အိမ်ပါ။
အချစ်ဆုံးသူငယ်ချင်းနဲ့အိမ်တလှည့်ဆီပြန်လိုက်ပို့ဘူးပါတယ်။
မောတော့မှအိမ်နှစ်အိမ်ကြားဆိုပြီး သေသေချာချာ ခြေလှမ်းရေတိုင်းထားတဲ့နေရာမှာ
လမ်းခွဲပါတယ်။ဒါတောင် တစ် နှစ် သုံး ရွတ်ပြီးကျောခိုင်းတာပါ။
ကျနော်တာဝန်က မီးသွေးဝယ်၊အကြော်ဝယ်၊နွားနို့ဝယ်ပါ။
ကန်ဘဲ့ဈေးထဲဈေးဝယ်လွှတ်ရင် အရမ်းဝေးတော့ မေ့မေ့သွားပြီး အိမ်ပြန်မေးရပါတယ်။
မု့န်လက်ကောက်ဆိုင်ကဦးလေးဆို ကျနော့်ကိုတော့ ဆလန်သတတ်ပါတယ်။
မု့န်တခုစားရင် ထညက်ရေနှစ်ခါပေးရလို့။(နည်းသိချင်လျှင်မေးနိုင်ပါတယ်။)
အဲဒီ့အိမ်ကပြောင်းတော့ အရမ်းဝမ်းနည်းခဲ့တယ်။
ကျောင်းပြောင်းတာကအဆိုးဆုံးပါပဲ။
လူကြီးတွေတော့မသိဘူး။ကျနော်က နောက်အိမ်ကို ဘဝသစ်လို့ခေါ်ပါတယ်။
ခုထိအဖေနဲ့အမ နေထိုင်ဆဲအိမ်ပါ။
ကျနော်ကတော့
အခုထိအိမ်မဟုတ်တဲ့ အခန်းတွေ ပြောင်းနေရတုန်းပါ။
မနက်ဖြန်အိမ်လေးမှာနေခဲ့တာ စာချုပ်ပြည့်တော့မယ်။
လက်ထဲမှာဘယ်မလဲငွေ ထပ်ငှားဖို့ စဉ်းစားတာနဲ့။
သီချင်းမဟုတ်ပါ။တကယ်အဖြစ်ပါ။
မနက်ဖြန်ဒီအခန်းမှာနေခဲ့တာ တနှစ်ပြည့်တော့မယ်။