အဖြူရောင်ကဗျာလေး

  ကျောင်းတက်တိုင်း အမြဲတွေ့ ရတတ်တဲ့မျက်နှာလေး.အတန်းထဲမှာကဗျာလေးထက်လှသူတွေအများကြီးရှိပါရဲ့.....ရင်ဘတ်ကိုလာမထိဘူး.
သူ့မျက်နှာအေးအေးလေးရယ်... ငြိမ်းငြိမ်းချမ်းချမ်းလေးက ရင်ထဲဝင်ဝင်လာတယ်.
  စာလုပ်ရင်စိတ်ရောကိုယ်ရောနှစ်ပြီးလုပ်တတ်တယ်...သူမကြိုက်တဲ့အတန်းထဲဆို
မှောက်အိပ်တတ်ပါတယ်.တကယ့်ကလေးလေးလို နှစ်နှစ်ခြိုက်ခြိုက်အိပ်သူလေး.
  drawingအတန်းထဲရောက်ရင် ပန်းချီဆရာမကြီးလို ခဲတံလေးထောင်ပြီးအရုပ်ကိုတိုင်းပုံလေးက
အိပ်မက်ထဲတောင်ရောက်လာတတ်တယ်.venusရုပ်လေးရှေ့ကသက်ရှိvenusလေးပေါ့.
အလင်းအမှောင်ချိန်တိုင်းမှားရင် အချိန်ယူဆွဲထားတဲ့ပုံတွေ..အားမနာပါးမနာနဲ့ ဆရာကဖျက်ပါတယ်.
ကိုယ်ဆိုအရမ်းဒေါသထွက်တတ်ပါတယ်.သူလေးကဆရာဘယ်လောက်ဖျက်ဖျက် ပြန်ပြန်ဆွဲပါတယ်.
သူဆွဲတဲ့ပုံတွေက အရမ်းသေသပ်ပါတယ်.
  အိမ်ပြန်လမ်းက ကဗျာလေးနဲ့ လမ်းတူတော့ နောက်ကနေလိုက်လျှောက်ဖြစ်ပါတယ်.နားကျပ်နှစ်ဘက်ထိုးပြီး ကားလမ်းမလယ်ကလျှောက်တော့ ကျောင်းကားကြီးက သူနောက်ကဖြေးဖြေးမောင်းရပါတယ်.ကိုယ်လည်းသူရဲကောင်းလုပ်ပြီး သူကျောလေးတွန်းပြီး
နောက်မှာကားရှိတယ်လို့ပြောတော့မှ ကားလမ်းလယ်ကလျှောက်နေတာသတိရပုံပေါ်ပါတယ်.
  ပျင်းစရာအတန်းထဲမှာ သူလေးနားထိုင်ခွင့်ရတဲ့နေ့တွေဆို သူအိပ်နေပုံလေးထိုင်ကြည့်ပြီးရင်ခုန်ရတယ်.
အဖြူရောင်ပဲဝတ်တဲ့ ချစ်စရာအဖြူထည်လေးကို ချစ်စိတ်တွေရင်ထဲမှာသိမ်းရင်း ကဗျာလေးတပုဒ်ဖတ်လိုပဲ
မရိုးတမ်းဖတ်နေမယ်...