ရည်ရွယ်ချက်တစုံတရာမပါတဲ့ ကျမစကားတခွန်းကြောင့်
သူမှားလား ကိုယ်မှားလား
ဒိုင်လူကြီးမဆုံးဖြတ်နိုင်တဲ့ပြသနာပေါ့
ကျမနဲ့ သီ၇ိလင်္ကာသူငယ်ချင်းတယောက်စကားပြောကြရင်း
စကားထဲမှာ သူတို့ကိုမြန်မာလိုဘယ်လိုခေါ်လည်း မေးပါတယ်။
ကျမက ကုလားမလေးလို့ချစ်စနိုးခေါ်တယ်ပေါ့။
အမှန်က သီရိလင်္ကာလူမျိုးလို့ခေါ်တယ်ပေါ့။
အဲ့ဒီမှာ ပြသနာစပါတယ်။
ကုလားစပ်တဲ့မြန်မာတယောက်ပါတယ်။
သူက ကုလားဆိုတာနှိမ်ခေါ်တာ ဘာညာနဲ့ပြသနာစတယ်။
လုံးဝမထင်မှတ်ပဲ ပြသနာကကြီးလာတယ်။
ကျမရှင်းလေ သူကဒေါသထွက်လေ ဖြစ်လာတယ်။
ကြားကသူငယ်ချင်းနှစ်ယောက်က ၀င်ပြီးလူခွဲပြီး စကားခေါင်းစဉ်ပြောင်းလိုက်ပါတယ်။
ကျမလည်းတော်တော်စိတ်လေသွားတယ်။
ကျမကိုရန်ကုန်ကသူငယ်ချင်းတွေက ညောင်လေးပင်သူတဲ့။
နင်တို့တောသားတွေရဲရင်ဆွဲထုတ်ရတယ် ဘာညာပြောရင်
ကျမက နယ်သူနယ်သားဘက်ကနာပါတယ်။
ကျမရန်ကုန်ကို ငါးနှစ်သမီးမှာရောက်တာပါ။ရန်ကုန်မှာမမွေးတာတခုပါပဲ။
နယ်ပြန်လည်ရင် ကျမအမျိုးတွေက ရန်ကုန်သူလာတယ်တဲ့။
နင်တို့ရန်ကုန်သူတွေ ဒို့နယ်သူတွေလိုမရိုးဘူးပြောရင်လည်း ဘာမဆိုင်ညာမဆိုင်ရန်ပြန်တွေ့ရပါတယ်။
ဗမာတောထဲရောက်တော့ နင်တို့ပက်ကညောတွေကတဲ့
ကရင်တောထဲရောက်တော့ နင်တို့ဘရောမူတွေတဲ့။
ကျမ ရန်ကုန်ကိုချစ်သလို ညောင်လေးပင်ကိုလည်းချစ်ပါတယ်။
ကျမဗမာတွေကိုချစ်သလို ကရင်ကိုလည်းချစ်ပါတယ်။
ကျမကိုကျမတောင်အံသြရပါတယ်။
ရန်ကုန်ကနေ နယ်ပြန်ရင်ကားပေါ်မှာသီချင်းနားထောင်ပြီးသက်တောင့်သက်သာပေါ့။
နယ်ကပြန်လာရင်တော့ တလမ်းလုံးအန်ပါတယ်။
ကျမက ဘာဖြစ်နေနေ ပက်ကညောပဲဖြစ်ဖြစ်
ဗမာပဲဖြစ်ဖြစ် လုံးးးးးးးးးးးးးးးးးးးးးဝမရှက်ပါ။