YOU CAN COUNT ON ME



was it a thousand
years ago or only
yesterday we parted?
Even now, on my shoulder
I feel your friendly hand.
(yosano akiko)
တို့ခွဲခွာခဲ့တဲ့နေ့တွေ
တထောင်လား မနေ့ကလား
ငါ့ပုခုံးပေါ်မှာ
မင်းရဲ့မိတ်ဆွေဆန်တဲ့လက်တွေ
ခုထိ ငါခံစားနေရတုန်း

ကဗျာလေး

 
 
 ကဗျာလေးတပုဒ်လို ရင်ထဲကို သူဝင်လာတယ်။အဖြူရောင်နတ်သမီးလေးရေ မင်းလာလာပြုံးမပြပါနဲ့ ။မင်းအပြုံးမှာ ရူးသွပ်မိလို့ပါ။ကိုယ့်ရဲ့ကျောင်းတက်ချိန်တွေက မင်းကြောင့်ပိုအသက်ဝင်လာတယ်။စာသင်ခန်းထဲရောက်တာနဲ့ မင်းရဲ့ နောက်နားလေးမှာထိုင်ပြီး ကျောပေးထားတဲ့ပုံလေးတွေဆွဲတာ ကိုယ့်စာအုပ်ထဲမှာ တော်တော်လေးများနေပြီ။ မင်းဆံပင်အညိုရောင်ခွေခွေလေးတွေထဲမှာ ကိုယ့်မျက်နှာအကြာကြီးအပ်ထားခွင့်ရချင်တယ်။ပါးချိုက်လေးပေါ်နေရင် မင်းကိုငါက အနမ်းလေးပေးရင်မင်းစိတ်ဆိုးမှာလား ဆိုတဲ့သီချင်းက သူ့အလိုလို ညည်းမိတယ်။ကိုယ့်နားကျပ်ကိုယူတပ် မြန်မာသီချင်းနားထောင်ပြီး ဘာသာပြန်ပေးလို့ပူဆာတတ်ပုံလေးက အရမ်းချစ်စရာကောင်းလွန်းတယ်။တခါတလေ ကိုယ့်အိပ်မက်ထဲမှာ လုံချည်နွမ်းနွမ်းလေးနဲ့ တီရှပ်လေးဝတ်ထားပြီး ပါးကွက်ဖွေးဖွေးလေးနဲ့ မြန်မာစကားတွေပြောနေတတ်တယ်။ မြန်မာလို ချစ်တယ်တခုပဲမှတ်မိနေတာဘာကြောင့်ပါလဲ။
 ကိုယ်သိတယ်။မင်းကို အရမ်းချစ်ရင်တောင် ကိုယ့်နှလုံးသားရဲ့ ထောင့်တစ်နေရာမှာပဲ သိမ်းထားချင်တယ်။

မလွမ်းရဲသေးဘူး

 

ရုတ်တရက် ကောက်ခါငင်ခါ နှလုံးသားက ထထအော်တယ်.အရမ်းလွမ်းတယ်တဲ့.ငါတားတဲ့ကြားက အချီကြီးလွမ်းလွမ်းနေတတ်တဲ့
ငါ့နှလုံးသားကို မုန်းမုန်းလာတယ်.နင်မကြားနိုင်မသိနိုင်ပဲ လွမ်းနေရတာ ငါမတန်ဘူးဟာ.
နင်ပြောတဲ့ စကားတွေဆို အလိုလိုပြန်ကြားယောင်နေတတ်တာ ငါစွဲကပ်နေတဲ့ရောဂါပေါ့.
ဆရာ မလုပ်ရရင်မနေတတ်တဲ့နင်နဲ့ နင့်အမိန့်တွေဆိုနားထောင်ချင်တဲ့ငါကဘာတွေကြောင့်ဝေးသွားတာလဲ

  ချော့တတ်တဲ့နင်မရှိထဲက မငိုတတ်တော့တဲ့ငါ ဒီနေ့နင့်ကိုလွမ်းလို့ငိုမိတယ်.
မြန်မာပြည်က နင်ရှိတဲ့မြို့လေးကိုကြည့်ပြီး နင့်ကိုလွမ်းတယ်.နင့်နဖူးပေါ်က အေ၇းကြောင်းလေးတွေရောပဲ လွမ်းတယ်.

 တွမ်နဲ့ဂျယ်ရီကာတွန်းကားကြိုက်တဲ့ငါ့ကို တွမ်ကြီးသနားပါတယ်ပြောတိုင်းသဲကလူကြီးတွေးနဲ့ပြောတာ.
ကလေးတွေက ဂျယ်ရီကိုပဲပိုကြိုက်ကြတာလို့ နင်အမြဲပြောတတ်တယ်.
ငါတို့ခင်တဲ့ နှစ်ပတ်လည်ပွဲလေးကို ငါတယောက်ထဲလုပ်နေတယ်.ကမ္ဘာကြီးကကျဉ်းပါတယ်တဲ့.ငါတို့ပြန်ဆုံကြမယ်နော်.
 အခွင့်အရေးတခုသာရမယ်ဆိုရင် ငါနင့်ပုခုံးမှာမှီပြီး ငါနင့်ကိုအချီကြီးလွမ်းတယ်လို့ ပြောချင်တယ်.

အဖြူရောင်ကဗျာလေး

  ကျောင်းတက်တိုင်း အမြဲတွေ့ ရတတ်တဲ့မျက်နှာလေး.အတန်းထဲမှာကဗျာလေးထက်လှသူတွေအများကြီးရှိပါရဲ့.....ရင်ဘတ်ကိုလာမထိဘူး.
သူ့မျက်နှာအေးအေးလေးရယ်... ငြိမ်းငြိမ်းချမ်းချမ်းလေးက ရင်ထဲဝင်ဝင်လာတယ်.
  စာလုပ်ရင်စိတ်ရောကိုယ်ရောနှစ်ပြီးလုပ်တတ်တယ်...သူမကြိုက်တဲ့အတန်းထဲဆို
မှောက်အိပ်တတ်ပါတယ်.တကယ့်ကလေးလေးလို နှစ်နှစ်ခြိုက်ခြိုက်အိပ်သူလေး.
  drawingအတန်းထဲရောက်ရင် ပန်းချီဆရာမကြီးလို ခဲတံလေးထောင်ပြီးအရုပ်ကိုတိုင်းပုံလေးက
အိပ်မက်ထဲတောင်ရောက်လာတတ်တယ်.venusရုပ်လေးရှေ့ကသက်ရှိvenusလေးပေါ့.
အလင်းအမှောင်ချိန်တိုင်းမှားရင် အချိန်ယူဆွဲထားတဲ့ပုံတွေ..အားမနာပါးမနာနဲ့ ဆရာကဖျက်ပါတယ်.
ကိုယ်ဆိုအရမ်းဒေါသထွက်တတ်ပါတယ်.သူလေးကဆရာဘယ်လောက်ဖျက်ဖျက် ပြန်ပြန်ဆွဲပါတယ်.
သူဆွဲတဲ့ပုံတွေက အရမ်းသေသပ်ပါတယ်.
  အိမ်ပြန်လမ်းက ကဗျာလေးနဲ့ လမ်းတူတော့ နောက်ကနေလိုက်လျှောက်ဖြစ်ပါတယ်.နားကျပ်နှစ်ဘက်ထိုးပြီး ကားလမ်းမလယ်ကလျှောက်တော့ ကျောင်းကားကြီးက သူနောက်ကဖြေးဖြေးမောင်းရပါတယ်.ကိုယ်လည်းသူရဲကောင်းလုပ်ပြီး သူကျောလေးတွန်းပြီး
နောက်မှာကားရှိတယ်လို့ပြောတော့မှ ကားလမ်းလယ်ကလျှောက်နေတာသတိရပုံပေါ်ပါတယ်.
  ပျင်းစရာအတန်းထဲမှာ သူလေးနားထိုင်ခွင့်ရတဲ့နေ့တွေဆို သူအိပ်နေပုံလေးထိုင်ကြည့်ပြီးရင်ခုန်ရတယ်.
အဖြူရောင်ပဲဝတ်တဲ့ ချစ်စရာအဖြူထည်လေးကို ချစ်စိတ်တွေရင်ထဲမှာသိမ်းရင်း ကဗျာလေးတပုဒ်ဖတ်လိုပဲ
မရိုးတမ်းဖတ်နေမယ်...