ကိုယ်ငယ်ငယ်ကတည်းက အဖေ့ကိုအမြဲပြောတဲ့စကားတစ်ခွန်းရှိတယ်.သူများအဖေတွေက....အစချီပြီး ဘယ်ကျူရှင် ဘယ်ဝိုင်းမှာထားတယ် ဘာတွေလုပ်ပေးတယ် အဖေကဘာမှမလုပ်ပေးနိုင်ဘူးဆိုပြီးတော့ တခါမှအဖေ့ရင်ထဲဝင်မကြည့်ခဲ့ဘူး ငါတော်ရဲ့ သားနဲ့ အဖေကမြေတောင်မမြှောက်ပေးဘူး အဲလိုထင်ခဲ့တယ်.အဖေ့ရဲစကားတွေထဲက ကိုဃ်အမုန်းဆုံးစကားက ကိုဃ်ဒူးကိုဃ်ချွန် ဆိုတဲ့စကားပဲ အဲ့လိုနဲ့ အဖေပခုံးတင်ထမ်း ခြေကျွံခံပြီးတွန်းတင်ခဲ့တဲအဖေ့သမီးက အဖေနဲ့ ဝေးတဲ့နိုင်ငံရပ်ခြားကိုရောက်လာတယ်.
မာနတွေမာန်တွေတပုံတပင်နဲ့ အဖေ့သမီး.... ငါသိပ်တော်ပါတယ်ငါ့အဖေကမလုပ်ပေးနိုင်လို့ ထင်တဲ့ကိုယ် နဖူးတွေ့ ဒူးတွေ့ လောကကြီးထဲ ရောက်လာတယ်.နိုင်ငံခြားရောက်ရင် လူတိုင်းကတန်းတူရည်တူ လက်ရယ်ခြေရယ် ဦးနှောက်ရယ်ပဲရှိတော့တယ်.အဲ့ဒီ့ကစပြီး....ကျောင်းမှာအလုပ်မှာ လူမု့ ပေါင်းသင်းရေးမှာ သူများထက်မထူးမတော် ခပ်မှိန်မှိန်အရောင်အဆင်းနဲ့ ကိုယ့်ကိုကိုယ်အလန့် တကြားပြန်မြင်ခဲ့တယ်
ဝမ်းနည်းပက်လက်နဲ့အရင်တမ်းတမိတာကအဖေပါပဲ....ခွင့်လွတ်ပါအဖေ...နုတ်ကနေကယောင်ကတမ်းနဲ့ အကြိမ်ကြိမ်ရေရွတ်၇င်းမျက်ရည်ကျမိတယ်....အဖေ့သမီးကတော်တာမဟုတ်ပါဘူး.ထမ်းတင်ရင်းနဲ့ ခြေကျွံခဲ့တဲ့အဖေကတော်တာ.
ပြန်ရမယ်ဆိုရင် အဖေ့ဒူးပေါ်မေးတင်ပြီး အဖေ့ဆေးလိပ်နံသင်းတဲကိုယ်နံကိုနှာခေါင်းမရူံတော့ဘူး. မိုးလင်းအိပ်ရာနိုးချိန်တွေမှာဝိုးတ၀ါးအဖေ့အသံနဲ့ ကိုယ်နံရတဲ့နေ့ တွေဆိုသမီးအားအင်တွေပြည့်နေတတ်ပြီ.....
အဖေကရေသောက်မြစ်ပါ.........အဖေပေးတဲ့အားတွေသုံးပြီးပွင့်လန်းစိမ်းစိုနေတဲ့သမီးတို့ မောင်နှမတစ်စုကိုမမြင်နိုင်တဲ့အဝေးတနေရာကမျော်မှန်းနေမဲ့အဖေကို အကြိမ်ကြိမ်ကန်တော့တောင်းပန်မိတယ်..............................
သီတင်းကျွတ်လပြည်နေ့ အဖေကိုဦးခိုက်ရင်း
်
1 comment:
The love of father is like the sun and the love of mother is like a moon.
Father's love is hot and strong and mother's love is cool and peace.
that's why father is the sun and mother is the moon for us..
Thank you
Post a Comment