သေမင်းကိုတွေ့ လိုက်လား
ငါမသိချင်ဘူး
ကမ္ဘာပေါ်က ရောဂါဝေဒနာသည်တွေ
သနားစဖွယ် ညည်းနေကြတယ်
မသေချင်သေးဘူး
မသေချင်သေးဘူး
မသေချင်သေးဘူး
တဲ့
သေမင်းက မသိချင်ယောင်ဆောင်နေတယ်
သူ့ မှာ မေတ္တာတရားမရှိဘူး
သူ့ မှာအကြင်နာတရားမရှိဘူး
သူ့မှာအငြိုးအတေးမရှိဘူး
သူ့ မှာအာဃာတမရှိဘူး
သူသိတာ သူ့ တာဝန်ပဲ
တာဝန်တခုအတွက် သူသတ်တယ်
ဘုရားသခင်
သေမင်းကိုဘာကြောင့်ဖန်ဆင်းခဲ့တာလဲ
မဖြေပါနဲ့တော့
ကမ္ဘာမှာ သေခြင်းတရားမရှိရင်
လူတွေပုံလာမှာပေါ့
မလိုချင်ဘူး အဲ့ဒီအဖြေ
မှည့်လို့ ကြွေပါစေ
မခြွေချပါနဲ့တော့
မသေချင်သေးဘူး
မသေချင်သေးဘူး
No comments:
Post a Comment