ဤနေရာသည်ကျမမသွားချင်ဆုံးသောနေရာတနေရာ
သူများမျက်နှာရိပ်မျက်နှာကဲကြည့်နေရသောနေရာတနေရာ
ကျမအတွက်တော့ ထောင်ခန်းလေးတခု
ကျမနှင့်ကျသောလူများက စိတ်ကောင်းရှိပေမယ့်
တချိန်လုံးဆူပါတယ်။
ငြိမ်နေပါက ငြိမ်ငြိမ်နေသောအပြစ်
တောက်တောက် တောက်တောက် ဆိုင်ထဲမှာ ပစ္စည်းစီပါက တောက်တောက် တောက်တောက် လုပ်သောအပြစ်
ရယ်တာပြုံးတာများပါက ရယ်ပြုံးမိသောအပြစ်
တည်တည်နေပါက တည်တည်နေသောအပြစ်
ထိုထို အပြစ်များးးးး
ဘာမှလုပ်မရသောနေရာတခုမှာ
ဆူးကြားထဲကဘူးသီးမလေးသည်
ငိုပြန်ရသောနေ့တွေမှာ မှင်နီခြစ်
ဟက်ပီးပြသောနေ့တွေမှာ မှင်ပြာခြစ်
တစ်လ ရှစ်ရက်ဝင်ရသော
ထိုထိုအလုပ်
မှင်နီရှစ်ရက် တစ်လပေါ့။
No comments:
Post a Comment