ချစ်သူငယ်ချင်းသို့

 လီနာရေ နင့်မေးထဲမှာ ဗိုက်ထဲက ကလေးလေးလှုပ်နေပြီဆိုတော့.........
ရင်ထဲစမ်းချောင်းလေးစီးသွားသလိုပဲ။
ယောင်ပြီးငါဗိုက်တောင် ငါပြန်စမ်းမိတယ်။
သဲသဲဆိုတာ အင်ဒိုလို ချိုချိုတဲ့။ နင့် ကလေးနို့တိုက်တိုင်း ငါ့ကိုသတိရနေတော့မှာပေါ့။
ပြီးတော့နင်ဗိုက်လေးလှုပ်နေတဲ့အချိန် ငါစမ်းကြည့်ချင်တယ်။
ကလေးလေးရဲ့ဒူးလေးတွေ ခေါင်းလေးတွေ တိုးနေတာနင်အနေရခက်ပေမယ့် ကြည်နူးနေမှာပါ။
နင်ကလေးအရမ်းချစ်တတ်တာ ငါသိတာပဲ။
ကလေးချက်ချင်းယူမယ်ဆိုတာသိနေရက်နဲ့ နင့်ဗိုက်ထဲကလေးလေးရောက်နေပြီဆိုတော့အံသြ
နေမိတယ်။
ငါသူငယ်ချင်း သေးသေးလေး နငယ်လေးဖြစ်နေမှာ မြင်ယောင်နေမိတယ်။
နင်အမြဲပြောတဲ့ တော်နေထက်နေတဲ့သားသမီးမဟုတ်ပဲ ဘုရားတရားကိုင်းရှိင်းပြီး
လူချစ်လူခင်များတဲ့ အဲလိုပုံစံကလေးလေးရပါစေ။
အတူတူနေခဲ့တဲ့အချိန်တွေအရမ်းတိုတယ်နော်။
မသိလိုက်တဲ့အချိန်အတွင်းမှာ ကုန်ဆုံးသွားတယ်။
လူရောစိတ်ရောပင်ပန်းခဲ့တဲ့အချိန်မှာ အနားမှာရှိနေပေးခဲ့တဲ့နင့်ကို အရမ်းသတိရတာပဲ။
ချစ်တဲ့သူငယ်ချင်းလေးရေ  ငါကတော့ မရုန်းထွက်နိုင်သေးဘူး။တကယ်တော့
နင်ပြန်သွားတာ ရှုံးသွားတာမဟုတ်ဘူး။
နွေးထွေးတဲ့ မိသားစုနဲ့ ဘ၀စနေနိုင်တာ နင်အရမ်းကံကောင်းပါတယ်။
နင်သီချင်းဆိုထားတဲ့ ဗီဒီယိုဖိုင်လေးပြန်ကြည့်ရင်း
good bye goobye
see you again
have a nice time
have a nice time
good bye good bye
see you again
(mwarrrr)
မွှားးးးးးးးးးးး

No comments: