အကျင့်မလုပ်ပါနဲ့



မနက်တိုင်း ဖုန်းဆက်နိုးတာမလုပ်ပါနဲ့

နင်ချန်ခဲ့တဲ့အချိန်မှာ ငါမနိုးမှာဆိုးလို့ပါ

အိပ်ခါနီးတိုင်း ပုံပြင်တွေမပြောပြပါနဲ့

ပုံပြင်မကြားရရင် အိပ်မပျော်မှာဆိုးလို့ပါ

ငါဝမ်းနည်းတဲ့အခါ မချော့ပါနဲ့

ကိုယ်အားကိုယ်ကိုးတတ်တဲ့အကျင့်တွေ ပျောက်သွားမှာဆိုးလို့ပါ

လွမ်းလို့ပြန်လာပါ အသဲလေးရာ သီချင်းမဆိုပြပါနဲ့

အဆင်မပြေတာကြုံလာရင် ရင်မဆိုင်တတ်တော့မှာဆိုးလို့ပါ

နင်အမြဲလုပ်နိုင်မှာမဟုတ်တဲ့ အလုပ်တွေနဲ့

ငါ့ကိုအကျင့်ပျက်အောင်မလုပ်ပါနဲ့

ပုံ သဲသဲ


No comments: