ကျမ ၀မ်းမနည်းပါ



သူငယ်ချင်းတယောက်နဲ့ကတောက်ကစဖြစ်တယ်။
ရည်ရွယ်ချက်တစုံတရာမပါတဲ့ ကျမစကားတခွန်းကြောင့်
သူမှားလား ကိုယ်မှားလား
ဒိုင်လူကြီးမဆုံးဖြတ်နိုင်တဲ့ပြသနာပေါ့
ကျမနဲ့ သီ၇ိလင်္ကာသူငယ်ချင်းတယောက်စကားပြောကြရင်း
စကားထဲမှာ သူတို့ကိုမြန်မာလိုဘယ်လိုခေါ်လည်း မေးပါတယ်။
ကျမက ကုလားမလေးလို့ချစ်စနိုးခေါ်တယ်ပေါ့။
အမှန်က သီရိလင်္ကာလူမျိုးလို့ခေါ်တယ်ပေါ့။
အဲ့ဒီမှာ ပြသနာစပါတယ်။
ကုလားစပ်တဲ့မြန်မာတယောက်ပါတယ်။
သူက ကုလားဆိုတာနှိမ်ခေါ်တာ ဘာညာနဲ့ပြသနာစတယ်။
လုံးဝမထင်မှတ်ပဲ ပြသနာကကြီးလာတယ်။
ကျမရှင်းလေ သူကဒေါသထွက်လေ ဖြစ်လာတယ်။
ကြားကသူငယ်ချင်းနှစ်ယောက်က ၀င်ပြီးလူခွဲပြီး စကားခေါင်းစဉ်ပြောင်းလိုက်ပါတယ်။
ကျမလည်းတော်တော်စိတ်လေသွားတယ်။
ကျမကိုရန်ကုန်ကသူငယ်ချင်းတွေက ညောင်လေးပင်သူတဲ့။
နင်တို့တောသားတွေရဲရင်ဆွဲထုတ်ရတယ် ဘာညာပြောရင်
ကျမက နယ်သူနယ်သားဘက်ကနာပါတယ်။
ကျမရန်ကုန်ကို ငါးနှစ်သမီးမှာရောက်တာပါ။ရန်ကုန်မှာမမွေးတာတခုပါပဲ။
နယ်ပြန်လည်ရင် ကျမအမျိုးတွေက ရန်ကုန်သူလာတယ်တဲ့။
နင်တို့ရန်ကုန်သူတွေ ဒို့နယ်သူတွေလိုမရိုးဘူးပြောရင်လည်း ဘာမဆိုင်ညာမဆိုင်ရန်ပြန်တွေ့ရပါတယ်။
ဗမာတောထဲရောက်တော့ နင်တို့ပက်ကညောတွေကတဲ့
ကရင်တောထဲရောက်တော့ နင်တို့ဘရောမူတွေတဲ့။
ကျမ ရန်ကုန်ကိုချစ်သလို ညောင်လေးပင်ကိုလည်းချစ်ပါတယ်။
ကျမဗမာတွေကိုချစ်သလို ကရင်ကိုလည်းချစ်ပါတယ်။

ကျမကိုကျမတောင်အံသြရပါတယ်။
ရန်ကုန်ကနေ နယ်ပြန်ရင်ကားပေါ်မှာသီချင်းနားထောင်ပြီးသက်တောင့်သက်သာပေါ့။
နယ်ကပြန်လာရင်တော့ တလမ်းလုံးအန်ပါတယ်။
ကျမက ဘာဖြစ်နေနေ ပက်ကညောပဲဖြစ်ဖြစ်
ဗမာပဲဖြစ်ဖြစ် လုံးးးးးးးးးးးးးးးးးးးးးဝမရှက်ပါ။



ခုတလော စိတ်အခြေအနေ

ခုတလော အရမ်းလွမ်းမိတယ်။
ငါ့ကိုကြီး
ငါ့ကိုကြီးအဆင်ပြေမပြေ  ငါအဆင်ပြေနေချိန်တွေမှာ
သတိရနေတတ်တယ်။

ခုတလော အရမ်းပင်ပန်းတယ်။
လက်ရှိလုပ်နေတဲ့အလုပ်တွေနဲ့ဝေးးးးးးးးရာ
ပြေးချင်သော်လည်း။

ခုတလော ကျေနပ်နေတယ်။
သူငယ်ချင်းတယောက် အတူတူလာနေတယ်
ထင်တာထက် အဆင်ပြေနေတယ်။
နေ့တိုင်းထူးခြားဆန်းပြားသော မုန့်တွေလုပ်ကျွေးတယ်။

ခုတလော စိတ်ဒဏ်ရာရနေတယ်။
အရမ်းခင်တဲ့သူငယ်ချင်းတယောက်
လက်မပြ နုတ်မဆက်ပဲ
ဟူးးးးးးးးးးးးးးးးးးးးး။

ခုတလော ခဏခဏအိပ်မက်မက်တယ်။
ခြံဝင်းမမြင်ရအောင် ကျယ်တဲ့ခြံဝင်းလေး
အိမ်ပြတင်းပေါက်ကနေ ကောင်းကင်ပြာကြီးကို
မော့ငေးနေတယ်တဲ့။

ခုတလော နားထောင်နေမိတယ်။
ရင်ဘတ်ထဲကအိပ်မက်ဟောင်း
လင်းနစ် သီချင်းလေးနားထောင်ရင်
ဝမ်းနည်းနေတတ်တယ်။

ခုတလော ရေရွတ်နေမိတယ်။
ငါအရမ်းးးးးးးးးးးးးးးးးးး
သနားစရာကောင်းတယ်။

မသွားချင်သောနေရာ


  ဤနေရာသည်ကျမမသွားချင်ဆုံးသောနေရာတနေရာ
သူများမျက်နှာရိပ်မျက်နှာကဲကြည့်နေရသောနေရာတနေရာ              
ကျမအတွက်တော့ ထောင်ခန်းလေးတခု
  ကျမနှင့်ကျသောလူများက စိတ်ကောင်းရှိပေမယ့်
တချိန်လုံးဆူပါတယ်။
ငြိမ်နေပါက ငြိမ်ငြိမ်နေသောအပြစ်
တောက်တောက် တောက်တောက် ဆိုင်ထဲမှာ ပစ္စည်းစီပါက
တောက်တောက် တောက်တောက် လုပ်သောအပြစ်
ရယ်တာပြုံးတာများပါက ရယ်ပြုံးမိသောအပြစ်
တည်တည်နေပါက တည်တည်နေသောအပြစ်
ထိုထို အပြစ်များးးးး
ဘာမှလုပ်မရသောနေရာတခုမှာ
ဆူးကြားထဲကဘူးသီးမလေးသည်
ငိုပြန်ရသောနေ့တွေမှာ မှင်နီခြစ်
ဟက်ပီးပြသောနေ့တွေမှာ မှင်ပြာခြစ်
တစ်လ ရှစ်ရက်ဝင်ရသော
ထိုထိုအလုပ်
မှင်နီရှစ်ရက် တစ်လပေါ့။

စိတ်ကူးများနှင့်ကခုန်ခြင်း

ပင်ပန်းလွန်း၍စိတ်ကူးယဉ်မိသည်။

ရွှေသဲရဲ့မင်္ဂလာဆောင်


wedding cake



wedding ring



wedding dress



ရွှေသဲရဲ့အိမ်



အခန်းလေးပါ။



ဟိုဟိုဒီဒီသွားဖို့ကား




ခုအချိန်မှာ တူနှစ်ကိုယ် တဲအိုပျက်မှာနေရ
ရွှေဘုံပေါ်မှာစံရ
ချစ်တာချစ်တာပဒါနလို့အော်ရမယ့်အချိန်လည်းမဟုတ်လေတော့။


အလွမ်းများငြိမ်းစေသတည်း



တစ်ညလုံး အလွမ်းတွေလိုက်ကောက်ရင်း မိုးလင်းသွားတယ်။
မျက်ရည်ကျတာ ၀မ်းနည်းလို့မဟုတ်ပါဘူး။
သူ့အလိုလိုကျနေတာ
ငါဘာမှမလုပ်ပါဘူး။
အချီကြီးလွမ်းနေတာ
ဘာလို့လဲ
ငါက
အမေကျော်ပြီး ဒွေးတော်လွမ်းတတ်သူပေါ့။
ကောက်ရင်းကောက်ရင်း
အလွမ်းတွေက ပိုပိုများလာတယ်။
ကယ်သူမရှိ အလွမ်းတောထဲ
မျော
မျောရင်း.......................။

အိမ်ပြန်လမ်း

         
စာသင်ခန်းမှာ သူငယ်ချင်းသုံးယောက် ဆုံကြတယ်။
နောက်ကျောင်းလခ ခုကျောင်းလခတွေနဲ့
စိတ်ဓာတ်ကျနေတဲ့ သုံးယောက်သား

သဲသဲ...အိမ်ပြန်ချင်လိုက်တာဟာ။
နီပေါ....လမ်းစရိတ်မှမရှိတာ။
သီရိင်္လကာ...တို့လှေလေးနဲ့ပြန်ရအောင်။
သဲသဲ...အေး။တို့သုံးယောက်လှေလေးနဲ့ပြန်ရအောင်။
:)
နီပေါ.......ငါတို့နိုင်ငံက ပင်လယ်နဲ့ဆက်နေတဲ့နေရာမှမရှိတာ။
(T_T)
ကုန်းပိတ်နိုင်ငံက သူငယ်ချင်းလေးကို သနားသဖြင့် ပင်လယ်ဖြတ်ကူးရန်
စိတ်ကူးကို သီရိင်္လကာနှင့်မြန်မာနှစ်ကောင်သား လက်လျှော့လိုက်ပါသည်။

ဂျပန်စားစရာ အိုဆာကာရဲ့တခိုရခိ


အခုတလော မုန့်တွေပဲစားဖြစ်နေပါတယ်။မက်ခ်ဒိုနယ်လ်က နေ့တိုင်းဖြစ်နေတော့ဝိတ်က တဟုန်ထိုးတက်နေတယ်။ ဒါနဲ့ ဈေးသက်သာပြီး စားကောင်းတဲ့ မြန်မာပါးစပ်နဲ့ ကွက်တိဖြစ်တဲ့ တခိုရခိပဲပြောင်းစားလိုက်တယ်။
မု့န်လင်မယားပါပဲ။သူက ပိုလွယ်တယ်။တခြမ်းစီ မဟုတ်ပဲ လုံးလုံးလေးတွေပါ။လုပ်နည်းလည်း အတူတူပါပဲ။အဓိကကဆော့ဆမ်းတာလေးက စားကောင်းစေတာပဲလားလို့။မု့န်ထဲကို ရေဘ၀ဲလေးတွေ သေးသေးလှီး ထည့်ထားတယ်။
တခို ဆိုတာရေဘ၀ဲပေါ့ ရခိ ဆိုတာကင်တာပေါ့။အိုဆာကာ ရဲ့လူကြိုက်များတဲ့စားစရာတမျိုးပါ။
ရောက်ကာစ မြန်မာတွေ နိုင်ငံခြားသားတွေကို ဒုက္ခပေးချင်လျှင် တခိုရခိဝယ်ကျွေးလိုက်ပါ။
 အမြင်ပန်းအငွေ့မထတော့ မပူဘူးထင်ကြတာပေါ့။(ကိုယ်တွေ့)ပါးစပ်တခုလုံး ပူထူသွားပြီး အရေပြားတောင် လန်ပါတယ်။ဂျပန်တွေက အဲ့လိုပူတာက အရသာတဲ့။စားခါစက ပါးစပ်ထဲရောက်မှ ပြန်ထွေးတဲ့သူတွေက ခုဆိုတခိုရခိမှတခိုရခိဖြစ်နေကြပါပြီ။
ကလေးတွေနောက်တအုပ်လာတိုင်း တခိုရခိသွားစားကြပါတယ်။ကျမတို့က စားကျင့်ရှိနေတော့ အိုကေနေပြီ။ရောက်စကလေးတွေကတော့ စားပြီးရင်စိတ်ဆိုးပြီးအော်ကြရော။




မြန်မာပြည်ကမုန့်လင်မယား လွမ်းတိုင်းစားမိတဲ့တခိုရခိ



သားသားတို့မီးမီးတို့ လွယ်လွယ်ကူကူလုပ်ရအောင် အဆင်ပြေတဲ့မုန့်လုပ်တဲ့အိုးပါ။



ကျောင်းပွဲတွေဆို သူလေးတွေလည်းလက်စွမ်းပြကြတယ်။

 
တခိုရခိရဲ့လိုကိုလေးပေါ့။
မြန်မာပြည်ကလို လမ်းဘေးဆိုင်ရှိတာ တခိုရခိပါပဲ။
ကျမလည်းသင်နေပါတယ်။အကြံကုန်ရင်
တခိုရခိပဲရောင်းရအောင်။