အဆုံးမရှိအစမရှိ


 မိုးလင်းလို့ကျမကိုနိုးတာကတော့ ရထားခုတ်မောင်းသံပေါ့.အိပ်ရာကနိုးတယ်ဆိုတာနဲ့ ထူးအိမ်သင်ရဲ့အမေ့အိမ်ကို ကောက်အော်ပြီး ထခဲ့တဲ့မိုးသောက်တွေလဲမနဲတော့ပါဘူး.လက်ကမနက်စာပြင်ရင်း... ပါးစပ်က အိမ်ပြန်ချင်တဲ့စိတ်ကလေးတားမရဘူး.အော်ရင်း..အနွေးထွေးအလုံခြုံဆုံးအိမ်ဟာ အဖေ့အိမ်ပဲလို့သိလိုက်ရတဲ့အချိန်ကျတော့..ကျနော်ဟာ ဟိုး.............................................(မော်လမြိုင်ထက်ဝေးလို့)အဝေးကြီးမှာရောက်ရှိနေခဲ့ပြီပေါ့
 မနက်စာစားချိန်တွေမှာ မောင်နှမတစု အော်ရင်း ရန်ဖြစ်ရင်း ဟဲ့ဆီတွေနင်းကန်မထည့်နဲ့ ကိုကြီးမကြိုက်ဘူး ဆိုတဲ့ အသံတွေနဲ့ဝေးရာမှာ
တယောက်ထဲ မနက်စာစားရင်းမျက်ရည်ကျမိတာတွေလဲမနဲတော့ပါဘူး..
သဲသဲကြိုက်တဲ့ဟင်း ပိုချန်ထားပေးတဲ့ သူတွေနဲ့ဝေးရာမှာ
အို...ကိုယ်ကြိုက်လို့ရွှေးခဲ့တဲ့လမ်း ဆိုပြီး  အားတင်းရင်း..အားတင်းရင်း
 နေ့လည်ကျောင်းကအပြန် မြန်မာနွေထက်ပူတဲ့ဂျပန်နွေရဲ့ ကွန်ကရစ်လမ်းပူပူပေါ်
စက်ဘီးလေးနင်းရင်း ...အလုပ်သွားတော့ ...ပျော်တာပေါ့အဖေရယ် ပျော်တာပေါ့ ကျောင်းကြီးမှာသားလေးတော်တော်ပျော်ပါတယ်....  ငြီးရင်း ကုန်းတက်တွေမှာကုန်းရုန်းနင်းပေါ့
ညအလုပ်ကပြန်လာရင် ၀မ်းနည်းမိတာက ကြိုဆိုသူမရှိတဲ့ အိမ်ခန်းမှောင်မှောင်လေးပါပဲ.ကိုယ်မှမီးမထွန်းရင် မလင်းနိုင်တဲ့အခန်းလေး..
စိတ်ပူပေးမယ့်သူမရှိမှ ကိုယ့်ကိုတယောက်ယောက်က စိတ်ပူပြီးစောင့်နေပေးတဲ့စိတ်လုံခြုံမူု့ မျိုး
လိုချင်လာမိတယ.်အိမ်မှာဆို မီးပျက်ရင် မီးစက်ဖွင့်ဖို့ နင်နဲ့နီးတယ်နင်ဖွင့် ဆိုပြီး


အို..ဘယ်လိုပဲဖြစ်ဖြစ် အဖေ့ရဲဒုက္ခအိုးလေး အားတင်းနေပါတယ်..
 ကျောကမိတ်တွေတော့ကိုယ်ဘာသာကိုယ်ပဲကုတ်နေရတယ်

店長に言いたいこと  叱るな 怒るな

私はampmでバイトやっていて、うちの店長はいつも注意するとき 動くな 移動するな そういっているから。私の方からも店長に 叱るな 怒るな といいたい。

ပေါင်တစ်ရာ့ ငါးဆယ် ဖိအားမခံနိုင်သူ သူငယ်ချင်းသို့

  အခုနွေရာသီကျောင်းပိတ်ရက်မှာ အလုပ်ကထွက်လိုက်တယ်.လက်ဆုပ်လက်ကိုင်နောက်တခုမရသေးပဲနဲ့.အလုပ်မရှိကျောင်းမရှိ ပျင်းလိုက်တာများ ရူးသွားပြီလားထင်မိတယ်.
နေမကောင်းတော့ အလိုလိုနေရင်း အားတွေကငယ်နေတယ်.
နောက်ကျောင်းကြွေး အခုကျောင်းအကြွေးကတင် သိန်းတစ်ရာနီးနီး
တနေ့တနေ့စဉ်းစားလိုက် စိတ်ညစ်လိုက်နဲ့.
  အဲ့ဒီ့နေ့က အွန်လိုင်းကနေ သူငယ်ချင်းလေးတယောက်ရတယ်.
သူကအားချိန်လေးမှာစကားပြောတာပေမယ့်
ကိုယ်က၀မ်းနည်းနေချိန်မှာ ကူကယ်ရာရခဲ့တယ်.
ငရဲကအမြဲပြောတယ်  အာဏာသံနဲ့
ဆေးမှန်မှန်သောက်တဲ့
ငပျင်းမအိမ်ရှင်းတဲ့
အိပ်ရာရှင်းတဲ့
ဘာဟင်းချက်ထားလဲတဲ့
  နေ့တွေဆိုအိပ် ညတွေဆိုတောင်စဉ်ရေမရတွေပြော
စည်းကမ်းက သူကပုံပြောရတယ်.(ယုန်နဲ့လိပ်)
ကိုယ်ကသီချင်းဆိုပြရတယ်.(နိုင်ငံတော်သီချင်း)
သူကဘယ်သူနိုင်လဲသိချင်လားမေးရင် ဘယ်တော့မှသိချင်တယ်မဖြေမိပါစေနဲ.(ဟဲဟဲ ...ဟဲဟဲ)အဲ့လိုနဲ့ပေါ့..............
ကိုယ်အလုပ်ရောကျောင်းရောပြန်ဝင်ရရော...
  ရေစက်နည်းရှာတဲ့ သူငယ်ချင်းနှစ်ယောက် မဆုံဖြစ်ကြတော့ဘူး.
အသဲအိပ်တော့နော်ကိုယ်ထွက်တော့မယ်ဆိုတာလဲမကြားရတော့ဘူး.(စပြီး)
ဘာပဲဖြစ်ဖြစ် ဘ၀မှာ ကွက်လပ်တွေအရမ်းများနေချိန်မှာ သူငယ်ချင်းဆိုတဲ့ကွက်လပ်လေးတခုတော့ 
ဖြည့်ပေးတဲ့အတွက်ကျေးဇူးတင်မိတယ်.
                     ပေါင်၁၅၀ဖိအားမခံနိုင်သူ သူငယ်ချင်း ငရဲသို့

နှင်းလျှောစီးခရီး


အရမ်းပျော်စရာကောင်းတဲ့ခရီးပေါ့...အားလုံးအလုပ်တွေနားပြီး  ကျောင်းပိတ်ရက်မှာ ပျော်ပျော်ပါးပါး နှင်းလျှောစီးဖို့ခရီးထွက်ခဲ့ကြတယ်

 ချောကလက်လေးတွေတန်းစီ........အခုအလှည့်ကျသူက  ထိပ်သီးနှင်းလျှောစီးသူ သဲသဲပါ
ဆရာသင်တဲ့အချိန်မှာ အသေစွဲအောင်မှတ်သားတာက ဘရိတ်ဖမ်းတာပါ
စပြီ..စပြီ..ဟုတ်ပြီ..လို့ ဆရာကချီးကျုးမယ်မှမကြံခင် ရွေုသဲ ဘရိတ်စဖမ်းပါပြီ
ကျောင်းမှာ အတော်ဆုံး စိတ်အရှည်ဆုံး ဆရာခမျာ ၁၀၁ ကြိမ်မြောက်မှာ လက်လျှော့သွားရှာပါတယ်
သူကဂျပန်ကိုး...အမယ်..မသိပဲနဲ့မပြောနဲ့..ဟင်း  ကြည့်တုန်းက တ၀ှီးဝှီးနဲ့စီးတဲ့လူတွေကြည့်ပြီး
ကိုယ်လဲပဲ စီးမဟဲ့ဆိုပြီး...
ကံကောင်းတာကဘယ်လောက်လဲလဲမနာဘူး..ပြန်မထတတ်တာပဲရှိတယ်
ဆရာမသင်ပဲစီးနည်းအသစ်ထွင်သူက  ပင်ကီပါ
ဟုတ်ပြီ..ဟုတ်ပြီလို့ဆရာအားပေးတာနဲ့ ငုတ်တုတ်လေးဒူးလေးနှစ်ဘက်ကိုင်ပြီး မျက်လုံးလေးပြူးလို့(နဂိုပြူး)
မွန်ဂိုမတွေနဲ့မလေးမတွေကစီးတာတော်တယ်
မြန်မာအမကလဲ စီးတာတော်တယ်
ချော်တာက သဲသဲနဲ့နီပေါနှစ်ယောက်





ပုံကြည့်ရင်တော့....ခပ်မိုက်မိုက်ပဲပေါ့
ဆရာ့ကို ဥာဏ်နီဥာဏ်နက် ဥာဏ်ရောင်စုံထုတ်ပြီး အိမ်သာပြေးတာပါ
ပြန်မလာမှာစိုးရှာတဲ့ဆရာမှာ တဖွဖွနဲ့ တပည်ချော်ကို မှာရှာတယ်




  
 နှင်းတောင်ထိပ်ကိုတတ်တာပါ....တောင်ထိပ်ကနေလျှောစီးပြီးပြန်လာမယ်ထင်လား..အရမ်းအထင်မကြီးကြပါနဲ့ သူများကရူခင်းကြည့်ချင်လို့ပါ.....                                                                         



ခရီးလမ်းမှာကတည်းက အော်လာလိုက်ကြတာ နှင်းတွေနှင်းတွေနဲ့ ခုလဲပဲ နှင်းတွေနှင်းတွေနဲ့အော်ကြတုန်း

တိုက်တန်းနစ်ပေါ့....
                                               နှင်းလျှောစီးအတူသွားသူငယ်ချင်းများသို့







့အဖေသို့ တမ်းခြင်း

ကိုယ်ငယ်ငယ်ကတည်းက အဖေ့ကိုအမြဲပြောတဲ့စကားတစ်ခွန်းရှိတယ်.သူများအဖေတွေက....အစချီပြီး ဘယ်ကျူရှင် ဘယ်ဝိုင်းမှာထားတယ် ဘာတွေလုပ်ပေးတယ် အဖေကဘာမှမလုပ်ပေးနိုင်ဘူးဆိုပြီးတော့ တခါမှအဖေ့ရင်ထဲဝင်မကြည့်ခဲ့ဘူး ငါတော်ရဲ့ သားနဲ့ အဖေကမြေတောင်မမြှောက်ပေးဘူး အဲလိုထင်ခဲ့တယ်.အဖေ့ရဲစကားတွေထဲက ကိုဃ်အမုန်းဆုံးစကားက ကိုဃ်ဒူးကိုဃ်ချွန် ဆိုတဲ့စကားပဲ အဲ့လိုနဲ့ အဖေပခုံးတင်ထမ်း ခြေကျွံခံပြီးတွန်းတင်ခဲ့တဲအဖေ့သမီးက အဖေနဲ့ ဝေးတဲ့နိုင်ငံရပ်ခြားကိုရောက်လာတယ်.
မာနတွေမာန်တွေတပုံတပင်နဲ့ အဖေ့သမီး.... ငါသိပ်တော်ပါတယ်ငါ့အဖေကမလုပ်ပေးနိုင်လို့ ထင်တဲ့ကိုယ် နဖူးတွေ့ ဒူးတွေ့ လောကကြီးထဲ ရောက်လာတယ်.နိုင်ငံခြားရောက်ရင် လူတိုင်းကတန်းတူရည်တူ လက်ရယ်ခြေရယ် ဦးနှောက်ရယ်ပဲရှိတော့တယ်.အဲ့ဒီ့ကစပြီး....ကျောင်းမှာအလုပ်မှာ လူမု့ ပေါင်းသင်းရေးမှာ သူများထက်မထူးမတော် ခပ်မှိန်မှိန်အရောင်အဆင်းနဲ့ ကိုယ့်ကိုကိုယ်အလန့် တကြားပြန်မြင်ခဲ့တယ်
ဝမ်းနည်းပက်လက်နဲ့အရင်တမ်းတမိတာကအဖေပါပဲ....ခွင့်လွတ်ပါအဖေ...နုတ်ကနေကယောင်ကတမ်းနဲ့ အကြိမ်ကြိမ်ရေရွတ်၇င်းမျက်ရည်ကျမိတယ်....အဖေ့သမီးကတော်တာမဟုတ်ပါဘူး.ထမ်းတင်ရင်းနဲ့ ခြေကျွံခဲ့တဲ့အဖေကတော်တာ.
ပြန်ရမယ်ဆိုရင် အဖေ့ဒူးပေါ်မေးတင်ပြီး အဖေ့ဆေးလိပ်နံသင်းတဲကိုယ်နံကိုနှာခေါင်းမရူံတော့ဘူး. မိုးလင်းအိပ်ရာနိုးချိန်တွေမှာဝိုးတ၀ါးအဖေ့အသံနဲ့ ကိုယ်နံရတဲ့နေ့ တွေဆိုသမီးအားအင်တွေပြည့်နေတတ်ပြီ.....
အဖေကရေသောက်မြစ်ပါ.........အဖေပေးတဲ့အားတွေသုံးပြီးပွင့်လန်းစိမ်းစိုနေတဲ့သမီးတို့ မောင်နှမတစ်စုကိုမမြင်နိုင်တဲ့အဝေးတနေရာကမျော်မှန်းနေမဲ့အဖေကို အကြိမ်ကြိမ်ကန်တော့တောင်းပန်မိတယ်..............................

သီတင်းကျွတ်လပြည်နေ့ အဖေကိုဦးခိုက်ရင်း