ဥပုဒ်စောင့်သူ

တနင်္ဂနွေမနက်က သီတင်းကျွတ်လပြည့်နေ့အတွက် အလှူလုပ်တဲ့အကိုတယောက်က ဖုန်း
ဆက်ပြီးနိုးပါတယ်။ဘုန်းဘုန်းတရားဟောတော့မယ်ပေါ့။ကျမကလဲတော်တော်နဲ့မနိုးပါဘူး။
တရားပွဲကိုliveနားထောင်ရတာ.အလှူတရားကိုတကူးတက လှမ်းနားထောင်ခိုင်းတဲ့အကို့ကို
လည်းအရမ်းကျေးဇူးတင်ရပါတယ်။မနက်စောစော ကျက်သရေရှိသွားပါတယ်။
ငါးပါးသီလပဲယူမယ်လုပ်ထားတာ ယောင်ပြီးလိုက်ဆိုရင်း ရှစ်ပါးသီလဖြစ်သွားတယ်။
ရန်ကုန်က ကျမတို့အိမ်ရှေ့မှာ ဓမ္မါရုံရှိပါတယ်။မလွန်ဆန်လှူပွဲ ရေစက်ချတရားပွဲဆို တရားအ
လွန်ကောင်းတဲ့ဆရာတော်တွေကြွကြတယ်။ညတိုင်းတရားနားထောင်ရင်း အိပ်ကြပါတယ်။တ
ရားဟောအရမ်းကောင်းတဲ့ဘုန်းဘုန်းတွေဆို တရားထဲကိုယ်ပါမျောပါသွားပါတယ်။
တရားနာပြီးအလုပ်သွားဖို့ပြင်ပါတယ်။နေ့လည်စာရော ညစာအတွက်ပါအပြီးစားပြီး အိမ်ကနေ
ထွက်ပါတယ်။အလုပ်ရောက်ရောက်ချင်း လူကြီးကမေးပါတယ်။ဘာလို့နောက်ကျတာလဲတဲ့။မု
သားမပါ လင်္ကာမကင်း ဖြစ်နေတဲ့ ပါးစပ်ကရောင်ပြီးဆင်ခြေကောင်းကောင်းထွက်တော့မလို့။
ဘုရားစာရွတ်နေလို့ပါပြောတော့ မယုံသင်္ကာနဲ့။မုသားဆင်ခြေကောင်းလေး ပေးရင်ယုံပြီး အ
မှန်ပြောတော့ မယုံကြပြန်ဘူး။တခါတလေလိမ်ရတာလည်း နှစ်ဦးနှစ်ဘက် စိတ်ချမ်းသာရပါ
တယ်။
ဒီလိုနဲ့ပဲ..ညနေစောင်းလို့အလုပ်ကပြန်လာပါတယ်။ဗိုက်ကတော်တော်ဆာနေပါပြီ။အတူပြန်တဲ့သူငယ်ချင်းက မုန့်စားမယ်ပြောတာနဲ့ ဆာနေတဲ့ကျမမှာ နောက်တခါခေါ်ရင်စားမယ်ဆိုပြီးတောင် မအောင့်နိုင်တော့ပါဘူး။
တနှစ်မှာတခါယူမိတဲ့ ဥပုဒ်လေးလည်း တပါးကျိုးသွားရော…လူဆိုတာကလည်း တတက်စား
လည်းကြက်သွန် နှစ်တက်စားလည်းကြက်သွန်ဆိုတဲ့ အမျိုးလေ။သူငယ်ချင်းနဲ့ စားရင်း
သောက်ရင်းပြောရင်းကနေ အတင်းအဖျင်းတွေကပါလာရော။သွားပြန်ပေါ့ နောက်တပါး။
အိမ်လည်းရောက်ရော မေ့ပြီးသီချင်းဖွင့် လိုက်ဆိုမိပါတယ်။ကုန်ပါပြီ…..ထအော်ရင်းရေတော့
ငါးပါးကျန်သေးပါတယ်။
နောက်ပြီးမှ ဆိုမိတဲ့သီချင်းကလည်း ငါမင်းကို သတ်ချင်တယ်..ငါမင်းကိုသတ်ချင်တယ်..ဖြစ်
နေပါတယ်။စိတ်ကလည်း မတည့်တဲ့ဂျူနီယာတယောက်ကို မြင်ယောင်ရင်း…။နောက်ဆုံးအ
ရင်းစစ်တော့ လက်ကျန်လေးပါး။နာရီကြည့်တော့ကိုးနာရီ။နောက်သုံးနာရီ ခြေကန်ထိန်းရပေါ။့
နောက်ဆုံးတော့ တထိုင်ဥပုဒ်ပဲယူရင်း ကိုယ်ကိုကိုယ် ငါတော်တော် self controlနည်းပါလား လို့ သက်ပြင်း ပြင်းပြင်းလေးချရင်း………

1 comment:

bok33879302 said...

တပါးစောင့် လဲ သီလ နှစ်ပါးစောင့် လဲ သီလ ပါပဲ ဘယ်လိုပဲဖြစ်ဖြစ် လေးပါး စောင့် နိုင်တဲ့ သဲရဲ့ self control ကိုတော့  လေးစားရမှာပေါ့ လေ......