င့ါအိမ်ဘာဖြစ်ဖြစ်
မျက်နှာလွှဲပြီး ဘေးလူလိုလည်းနေတတ်နေပြီ
ဘယ်သူသေသေ
ငတေလိုလည်း မာတတ်နေပြီ
ဘယ်သူဘာပြောပြော
မယုံတတ်တာလည်း ကြာပြီ
အချိန်တန် အိမ်ပြန်ဖို့ တောင် ကြောက်နေပြီ
င့ါအိမ်ငါမသိ
အရေခွံချွတ်လဲ
င့ါအလံငါမသိ
မြို့တော်မေးတော့ ယောင်တောင်တောင်
ငါ့မြို့တောင်ငါမသိ
နောက်ဆုံး
ငါ့လူမျိုးတောင် မကျန်
ငါ့အစွဲ ချွတ်ပုံ
အို ကမ်းကုန်ရော။
No comments:
Post a Comment