ခုတလော
ခုတလော အလုပ်မှာ စိတ်ညစ်စရာကြုံတယ်.ရင်ဘတ်ထဲကအောင့်နေအောင်ခံစားရပေမယ့်...
ဒီလောက်တော့ အေးအေးဆေးဆေးပါ.
ခုတလော အားတင်းရင်း အားတင်းရင်းနဲ့ ခြေကုန်လက်ပန်းကျနေပေမယ့်..ဒီလောက်တော့
အေးအေးဆေးဆေးပါ..
ခုတလော ကျောင်းမှာတယောက်တည်း သနားစရာယောင်ချာချာနဲ့ဝဲတော့မဲ့မျက်ရည်တွေပြန်သွင်းရင်းနဲ့..
ဒီလောက်တော့
အေးအေးဆေးဆေးပါ..
ခုတလော စာတွေမလိုက်နိုင်တဲ့ကြားက ခြေကန်အားတင်းပြီး ကျောင်းပျက်ရက်မရှိအောင်တက်နေပေမယ့်...
ဒီလောက်တော့
အေးအေးဆေးဆေးပါ..
ခုတလော chat box လေးကဘယ်သူမှမရှိပေမယ့်.ဒီလောက်တော့
အေးအေးဆေးဆေးပါ..
အဲ့ဒီလိုနဲ့ ကောင်မလေးတယောက်.....မိုးလင်းရင် အိပ်ရာထ ရေချိုး ပြင်ဆင်ပြီးရင် အခန်းထောင့်လေးကပ်ပြီး
ထမင်းဝါး....အလုပ်သွား....ကျောင်းသွား......ကြိုးစား..ကြိုးစားအော်နေရင်း.....က
ဒီနေ့ကျောင်းမှာ ကဖြစ်ကညစ် တရုတ်တွေဆွဲထားတဲ့ပုံတွေကို ဆရာကဆိုင်းထိုးပေးပြီး....တညလုံးမအိပ်ပဲစဉ်းစား
ထားတဲ့ကောင်မလေးရဲ့ ပုံတွေကိုပြန်ဆွဲပါတဲ့...
အားတင်းထားတဲ့ကောင်မလေး............ကျောင်းအပြန်လမ်းမိုးရေတွေထဲမှာ..မျက်ရည်တွေရောပြီး...
ကောင်မလေး ဒီနေ့အလုပ်မသွားနိုင်ဘူး...ကောင်မလေးလုပ်ကိုလုပ်ရမယ်လို့
သတ်မှတ်ထားတာတွေ တခုပြီးတခုချိုးရင်း....
Subscribe to:
Post Comments (Atom)
No comments:
Post a Comment