jarujaru



ကျောင်းပွဲကိုလာသွားတဲ့နှစ်ယောက်ပါ။
နာမည်လည်းကြီးပါတယ်။
သူတို့အစီအစဉ်နေ့တိုင်းတီဗွီမှာလာပါတယ်။
သဲသဲလည်းကြိုက်ပါတယ်။

ဘုရား ဘုရား


ဂျပန်လူငယ်တယောက်ရေးထားတဲ့ ကာတွန်းပါ။သူ့အနေနဲ့ကတော့ ရိုးရိုးလေးပဲတွေးပြီးရေးထားပေမယ့်
ဘာသာရေးအနေနဲ့ကြည့်ရင်တော့ ရုပ်ဆိုးပါတယ်။
ဇာတ်လမ်းလေးကတော့ လူငယ်ဘ၀ကိုရေးထားတာပါ။
သူရဲ့ဇာတ်ကောင်က ဘာသာရေးအရ အထွတ်အမြတ်ထားရသူတွေကို လုပ်ထားတာပါ။
ဂျပန်ဟာ ဗုဒ္ဓဘာသာဝင်နိုင်ငံပါ။ဒါပေမယ့် သူတို့ကအယူဝါဒမဲ့လို့ သူတို့ကိုယ်သူတို့သတ်မှတ်ထားကြ
ပါတယ်။



ဆန်းတိုးခွန်လို့ ခေါ်ပါတယ်။နာရမြို့က ဘုရားကိုအထူးပြုပြီး ခရီးသွားသူတွေကို ဆွဲဆောင်တဲ့အနေနဲ့ လုပ်ထားတာပါ။

ဆောင်းဦးရွက်ကြွေ




လွမ်းပါတယ်ဆိုမှ ဘယ်ကြည့်ကြည့်
နီနီဝါ၀ါနဲ့
ပိုပိုလွမ်းလို့
ငိုချင်တယ်...............

အိမ်ပြန်ဖို့ ရက်တွက်
အိမ်လွမ်းတေးတွေညည်းနေတယ်...............

ချစ်သူငယ်ချင်းသို့

 လီနာရေ နင့်မေးထဲမှာ ဗိုက်ထဲက ကလေးလေးလှုပ်နေပြီဆိုတော့.........
ရင်ထဲစမ်းချောင်းလေးစီးသွားသလိုပဲ။
ယောင်ပြီးငါဗိုက်တောင် ငါပြန်စမ်းမိတယ်။
သဲသဲဆိုတာ အင်ဒိုလို ချိုချိုတဲ့။ နင့် ကလေးနို့တိုက်တိုင်း ငါ့ကိုသတိရနေတော့မှာပေါ့။
ပြီးတော့နင်ဗိုက်လေးလှုပ်နေတဲ့အချိန် ငါစမ်းကြည့်ချင်တယ်။
ကလေးလေးရဲ့ဒူးလေးတွေ ခေါင်းလေးတွေ တိုးနေတာနင်အနေရခက်ပေမယ့် ကြည်နူးနေမှာပါ။
နင်ကလေးအရမ်းချစ်တတ်တာ ငါသိတာပဲ။
ကလေးချက်ချင်းယူမယ်ဆိုတာသိနေရက်နဲ့ နင့်ဗိုက်ထဲကလေးလေးရောက်နေပြီဆိုတော့အံသြ
နေမိတယ်။
ငါသူငယ်ချင်း သေးသေးလေး နငယ်လေးဖြစ်နေမှာ မြင်ယောင်နေမိတယ်။
နင်အမြဲပြောတဲ့ တော်နေထက်နေတဲ့သားသမီးမဟုတ်ပဲ ဘုရားတရားကိုင်းရှိင်းပြီး
လူချစ်လူခင်များတဲ့ အဲလိုပုံစံကလေးလေးရပါစေ။
အတူတူနေခဲ့တဲ့အချိန်တွေအရမ်းတိုတယ်နော်။
မသိလိုက်တဲ့အချိန်အတွင်းမှာ ကုန်ဆုံးသွားတယ်။
လူရောစိတ်ရောပင်ပန်းခဲ့တဲ့အချိန်မှာ အနားမှာရှိနေပေးခဲ့တဲ့နင့်ကို အရမ်းသတိရတာပဲ။
ချစ်တဲ့သူငယ်ချင်းလေးရေ  ငါကတော့ မရုန်းထွက်နိုင်သေးဘူး။တကယ်တော့
နင်ပြန်သွားတာ ရှုံးသွားတာမဟုတ်ဘူး။
နွေးထွေးတဲ့ မိသားစုနဲ့ ဘ၀စနေနိုင်တာ နင်အရမ်းကံကောင်းပါတယ်။
နင်သီချင်းဆိုထားတဲ့ ဗီဒီယိုဖိုင်လေးပြန်ကြည့်ရင်း
good bye goobye
see you again
have a nice time
have a nice time
good bye good bye
see you again
(mwarrrr)
မွှားးးးးးးးးးးး

မှတ်သားလောက်ပါပေတယ်

ဘာကြောင့် အနောက်တိုင်းဝတ်စုံရဲ့ အင်္ကျီလက်မှာ မလိုအပ်ပဲကြယ်သီးတွေအများကြီးပါတာလဲ။
ဒီလိုဒီလို  ဟိုးရှေးရှေးတုန်းကပေါ့ နပိုလီယန်ဟာသူ့တပ်အတွင်းကို လှည့်တုန်း အရမ်းအေးတော့
တပ်သားတော်တော်များဟာ အင်္ကျီလက်နဲ့နှပ်သုတ်နေတာမြင်ပါတယ်တဲ့။
အင်္ကျီလက်တွေဟာ နှပ်တွေနဲ့မြင်မကောင်းဘူးတဲ့။
သူ့တပ်သားတွေကိုပြောပေမယ်လည်း ကြာကြာမခံပါဘူး။ပြန်ပေတာပဲတဲ့။
နောက်ဆုံး သူစဉ်းစားမိတာကတော့ နှပ်သုတ်တတ်တဲ့အင်္ကျီလက်ဖျားမှာ ကြယ်သီးတွေ
အများကြီးရင် နှပ်သုတ်လို့မရနိုင်တော့ဘူးဆိုတာပဲတဲ့။
အဒီလိုနဲ့အနောက်တိုင်းဝတ်စုံတွေမှာ မလိုအပ်ပဲ ကြယ်သီးတွေအများကြီးပါနေတာပါတဲ့။

ငါ့အစွဲ ချွတ်ခန်း

င့ါအိမ်ဘာဖြစ်ဖြစ်
မျက်နှာလွှဲပြီး ဘေးလူလိုလည်းနေတတ်နေပြီ
ဘယ်သူသေသေ
ငတေလိုလည်း မာတတ်နေပြီ
ဘယ်သူဘာပြောပြော
မယုံတတ်တာလည်း ကြာပြီ

အချိန်တန် အိမ်ပြန်ဖို့ တောင် ကြောက်နေပြီ
င့ါအိမ်ငါမသိ
အရေခွံချွတ်လဲ
င့ါအလံငါမသိ
မြို့တော်မေးတော့ ယောင်တောင်တောင်
ငါ့မြို့တောင်ငါမသိ

နောက်ဆုံး
ငါ့လူမျိုးတောင် မကျန်
ငါ့အစွဲ ချွတ်ပုံ
အို ကမ်းကုန်ရော။

ဥပုဒ်စောင့်သူ

တနင်္ဂနွေမနက်က သီတင်းကျွတ်လပြည့်နေ့အတွက် အလှူလုပ်တဲ့အကိုတယောက်က ဖုန်း
ဆက်ပြီးနိုးပါတယ်။ဘုန်းဘုန်းတရားဟောတော့မယ်ပေါ့။ကျမကလဲတော်တော်နဲ့မနိုးပါဘူး။
တရားပွဲကိုliveနားထောင်ရတာ.အလှူတရားကိုတကူးတက လှမ်းနားထောင်ခိုင်းတဲ့အကို့ကို
လည်းအရမ်းကျေးဇူးတင်ရပါတယ်။မနက်စောစော ကျက်သရေရှိသွားပါတယ်။
ငါးပါးသီလပဲယူမယ်လုပ်ထားတာ ယောင်ပြီးလိုက်ဆိုရင်း ရှစ်ပါးသီလဖြစ်သွားတယ်။
ရန်ကုန်က ကျမတို့အိမ်ရှေ့မှာ ဓမ္မါရုံရှိပါတယ်။မလွန်ဆန်လှူပွဲ ရေစက်ချတရားပွဲဆို တရားအ
လွန်ကောင်းတဲ့ဆရာတော်တွေကြွကြတယ်။ညတိုင်းတရားနားထောင်ရင်း အိပ်ကြပါတယ်။တ
ရားဟောအရမ်းကောင်းတဲ့ဘုန်းဘုန်းတွေဆို တရားထဲကိုယ်ပါမျောပါသွားပါတယ်။
တရားနာပြီးအလုပ်သွားဖို့ပြင်ပါတယ်။နေ့လည်စာရော ညစာအတွက်ပါအပြီးစားပြီး အိမ်ကနေ
ထွက်ပါတယ်။အလုပ်ရောက်ရောက်ချင်း လူကြီးကမေးပါတယ်။ဘာလို့နောက်ကျတာလဲတဲ့။မု
သားမပါ လင်္ကာမကင်း ဖြစ်နေတဲ့ ပါးစပ်ကရောင်ပြီးဆင်ခြေကောင်းကောင်းထွက်တော့မလို့။
ဘုရားစာရွတ်နေလို့ပါပြောတော့ မယုံသင်္ကာနဲ့။မုသားဆင်ခြေကောင်းလေး ပေးရင်ယုံပြီး အ
မှန်ပြောတော့ မယုံကြပြန်ဘူး။တခါတလေလိမ်ရတာလည်း နှစ်ဦးနှစ်ဘက် စိတ်ချမ်းသာရပါ
တယ်။
ဒီလိုနဲ့ပဲ..ညနေစောင်းလို့အလုပ်ကပြန်လာပါတယ်။ဗိုက်ကတော်တော်ဆာနေပါပြီ။အတူပြန်တဲ့သူငယ်ချင်းက မုန့်စားမယ်ပြောတာနဲ့ ဆာနေတဲ့ကျမမှာ နောက်တခါခေါ်ရင်စားမယ်ဆိုပြီးတောင် မအောင့်နိုင်တော့ပါဘူး။
တနှစ်မှာတခါယူမိတဲ့ ဥပုဒ်လေးလည်း တပါးကျိုးသွားရော…လူဆိုတာကလည်း တတက်စား
လည်းကြက်သွန် နှစ်တက်စားလည်းကြက်သွန်ဆိုတဲ့ အမျိုးလေ။သူငယ်ချင်းနဲ့ စားရင်း
သောက်ရင်းပြောရင်းကနေ အတင်းအဖျင်းတွေကပါလာရော။သွားပြန်ပေါ့ နောက်တပါး။
အိမ်လည်းရောက်ရော မေ့ပြီးသီချင်းဖွင့် လိုက်ဆိုမိပါတယ်။ကုန်ပါပြီ…..ထအော်ရင်းရေတော့
ငါးပါးကျန်သေးပါတယ်။
နောက်ပြီးမှ ဆိုမိတဲ့သီချင်းကလည်း ငါမင်းကို သတ်ချင်တယ်..ငါမင်းကိုသတ်ချင်တယ်..ဖြစ်
နေပါတယ်။စိတ်ကလည်း မတည့်တဲ့ဂျူနီယာတယောက်ကို မြင်ယောင်ရင်း…။နောက်ဆုံးအ
ရင်းစစ်တော့ လက်ကျန်လေးပါး။နာရီကြည့်တော့ကိုးနာရီ။နောက်သုံးနာရီ ခြေကန်ထိန်းရပေါ။့
နောက်ဆုံးတော့ တထိုင်ဥပုဒ်ပဲယူရင်း ကိုယ်ကိုကိုယ် ငါတော်တော် self controlနည်းပါလား လို့ သက်ပြင်း ပြင်းပြင်းလေးချရင်း………